ဘင်ဂျမင် နေတန်ယာဟု

ဝီကီပီးဒီးယား မှ
ဘင်ဂျမင် နေတန်ယာဟု
Photo of Netanyahu, in suit and tie, facing forwards
၂၀၁၉ ခုနှစ်က နေတန်ယာဟုအား တွေ့ရပုံ
၂၂ဦးမြောက် အစ္စရေးနိုင်ငံ၏ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၉ ဒီဇင်ဘာ ၂၀၂၂
ယခင်လူYair Lapid
အတိုက်အခံခေါင်းဆောင်
တာဝန်သက်တမ်း
၁၃ ဇွန် ၂၀၂၁ – ၂၈ ဒီဇင်ဘာ ၂၀၂၂
ဝန်ကြီးချုပ်နာ့ဖ်တာလီ ဘန်းနက်
Yair Lapid
၁၉ ဦးမြောက် အစ္စရေးနိုင်ငံ၏ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၁ မတ် ၂၀၀၉ – ၁၃ ဇွန် ၂၀၂၁
ယခင်လူEhud Olmert
ဆက်ခံသူနာ့ဖ်တာလီ ဘန်းနက်
လီကုဒ်ပါတီ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ ဒီဇင်ဘာ ၂၀၀၅ (၂၀၀၅-၁၂-၂၀)
၁၄ ဦးမြောက် အစ္စရေးနိုင်ငံ၏ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၈ ဇွန် ၁၉၉၆ – ၆ ဇူလိုင် ၁၉၉၉
ယခင်လူShimon Peres
ဆက်ခံသူEhud Barak
ဝန်ကြီးအဖြစ်ထမ်းဆောင်မှုများ
တာဝန်သက်တမ်း
၁၉၉၆ – ၂၀၁၉
  • သိပ္ပံ၊ နည်းပညာနှင့် အာကာသဆိုင်ရာဝန်ကြီးဌာန (၁၉၉၆–၁၉၉၇)
  • ဆောက်လုပ်ရေးဝန်ကြီးဌာန (၁၉၉၆–၁၉၉၉)
  • နိုင်ငံခြားရေးဝန်ကြီးဌာန (၂၀၀၂-၂၀၀၃)
  • ဘဏ္ဍာရေးဝန်ကြီးဌာန (၂၀၀၃-၂၀၀၅)
  • စီးပွားရေးမဟာဗျူဟာဝန်ကြီးဌာန
    ကျန်းမာရေးဝန်ကြီးဌာန
    လူမှုညီမျှရေးဝန်ကြီးဌာန (၂၀၀၉ -၂၀၁၃)
  • နိုင်ငံခြားရေးဝန်ကြီးဌာန (၂၀၁၂-၂၀၁၃)
  • နိုင်ငံခြားရေးဝန်ကြီးဌာန (၂၀၁၃)
  • ဆက်သွယ်ရေးဝန်ကြီးဌာန (၂၀၁၄-၂၀၁၅)
  • လူမှုညီမျှရေးဝန်ကြီးဌာန (၂၀၁၅)
  • စီးပွားရေးဝန်ကြီးဌာန
    နိုင်ငံခြားရေးဝန်ကြီးဌာန
    ကျန်းမာရေးဝန်ကြီးဌာန
    ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
    ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး(၂၀၁၅-၂၀၁၉ )
  • ကာကွယ်ရေးဝန်ကြီးဌာန(၂၀၁၈-၂၀၁၉)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1949-10-21) ၂၁ အောက်တိုဘာ၊ ၁၉၄၉ (အသက် ၇၄)
Tel Aviv အစ္စရေးနိုင်ငံ
နိုင်ငံရေးပါတီLikud
ကြင်ဖော်(များ)
  • Miriam Weizmann (လက်ထပ် 1972; ကွာရှင်း 1978)
  • Fleur Cates (လက်ထပ် 1981; ကွာရှင်း 1984)
  • Sara Ben-Artzi (လက်ထပ် 1991)
သားသမီး3, including Yair Netanyahu
မိဘ
  • Benzion Netanyahu
  • Tzila Segal
ဆွေမျိုးသားချင်း
  • Nathan Mileikowsky (grandfather)
  • Yonatan Netanyahu (brother)
  • Iddo Netanyahu (brother)
  • Elisha Netanyahu (uncle)
  • Nathan Netanyahu (cousin)
မိခင်ကျောင်း
အလုပ်အကိုင်
  • Politician
  • diplomat
  • writer
  • economic consultant
  • marketing executive
အစိုးရအဖွဲ့
လက်မှတ်
ဝက်ဘ်ဆိုဒ်netanyahu.org.il
စစ်မှုထမ်းခြင်း
နာမည်ပြောင်Bibi[၁]
တပ်/တပ်ဖွဲ့ခွဲIsrael Defense Forces
အမှုထမ်းကာလ1967–1973
ရာထူးSeren (ဗိုလ်ကြီး)
တပ်Sayeret Matkal
တိုက်ပွဲ/စစ်ပွဲများ

ဘင်ဂျမင် ဘီဘီ ​နေတန်ယာဟု (/ˌnɛtɑːnˈjɑːh/;[၂] တမ်းပလိတ်:Hebrew audio;) (၁၉၄၉ အောက်တိုဘာ ၂၁ ဖွား) သည် အစ္စရေးနိုင်ငံ ၏ လက်ရှိ ဝန်ကြီးချုပ် ဖြစ်သည်။[၃]ယင်းမတိုင်မီက လီကွတ်ပါတီ (Likud Party) ၏ ဥက္ကဋ္ဌအဖြစ် အတိုက်အခံပါတီကို ဦးဆောင်ခဲ့သည်။ သူသည် ၁၉၉၆-၉၉ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀၀၉-၂၀၂၁ ခုနှစ် တွင် တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ဝန်ကြီးချုပ်နေရာတွင် ၁၅ နှစ်ကျော်ကြာတာဝန်ထမ်းခဲ့သူဖြစ်၍ အစ္စရေးသမိုင်း၌ သက်တမ်းအရှည်ဆုံး တာဝန်ယူရသော ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သည်။ လွတ်လပ်ရေးရပြီးနောက်မွေးသော အစ္စရေးသားတို့အနက် ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သူလည်းဖြစ်သည်။

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

နေတန်ယာဟုသည် အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်များတွင် အစ္စရေးနိုင်ငံ ထူထောင်ပြီးမှ အစ္စရေးမြေပေါ်တွင် မွေးဖွားသူများမှ ပထမဆုံး နှင့် တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်သည်။ နေတန်ယာဟုသည် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဆာရီယတ် မတ်ကယ် အထူးတပ်ဖွဲ့တွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂစ်ဖ် စစ်ဆင်ရေး (Operation Gift) နှင့် ၁၉၇၂ ဆာဘီးနား လေယာဉ် ပြန်ပေးဆွဲမှု ကယ်ဆယ်ခြင်း အပါအဝင် စစ်ဆင်ရေး အမြောက်အမြားတွင် ပါဝင်ခဲ့သည်။ ၁၉၇၃ ခုနှစ် ယွမ်ကီပူ စစ်ပွဲတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး သေလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်မှ မထွက်မီတွင် ဗိုလ်ကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ နေတန်ယာဟု သည် ကမ္ဘာ့ကုလသမဂ္ဂ တွင် ၁၉၈၄ မှ ၁၉၈၈ ခုနှစ် အထိ အစ္စရေး သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဝန်ကြီးချုပ်ဘဝ[ပြင်ဆင်ရန်]

လီကွတ်ပါတီ အဖွဲ့ဝင်အဖြစ်မှ ဝန်ကြီးချုပ် အဖြစ် ၁၉၉၆ မှ ၁၉၉၉ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။အစိုးရ ကန်ထရိုက်တာများထံမှ လက်ဆောင်ရယူ လာဘ်စားမှု အရှုပ်တော်ပုံ အပြီးတွင် နိုင်ငံရေး လောကမှ အနားယူခဲ့သည်။ သို့သော် ၂၀၀၂ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် အေရီယယ် ရှာရွန်၏ အစိုးရတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၃ အထိ၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၀၃ မှ ၂၀၀၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။သို့သော်လည်း ဂါဇာကမ်းမြှောင်မှ အစ္စရေးနိုင်ငံသားများကို အတင်းအကြပ် ပြောင်းရွှေ့စေမှုကို မကျေနပ်သောကြောင့် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ သူသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ၌ လီကွတ်ပါတီ၏ ခေါင်းဆောင်နေရာတွင် ပြန်လည် ဝင်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ အောင်မြင်မှု မရခဲ့ဘဲ အမတ် ၁၂ နေရာသာ အနိုင်ရခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာတွင် နေတန်ယာဟုသည် အစ္စရေးလွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး လီကွတ် ပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် မိုရှေး ဖေဂလင်ကို အနိုင်ရပြီး ပါတီခေါင်းဆောင် နေရာကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ပါလီမန် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ ဒုတိယနေရာ ရခဲ့ပြီး လက်ယာပါတီမှ အများဆုံး အနိုင်ရခဲ့သည်။ နေတန်ယာဟုသည် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် အဖြစ် ၂၀၀၉ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ ကာလရှည်ကြာစွာ ထမ်းဆောင်သည်။ယင်းနောက် အတိုက်အခံအဖြစ် ဆက်လက်ထမ်းဆောင်ပြီး ၂၀၂၂ ခုနှစ်  နိုဝင်ဘာလ အမျိုးသား ရွေးကောက်ပွဲတွင်  အနိုင်ရရှိပြီးသည့်နောက် သဘောထားတင်းမာသည့် ညွန့်ပေါင်းအစိုးရ နှင့်အတူ နောက်ထပ်  အာဏာပြန်လည်ရရှိလာပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ၂၉ ရက်တွင် ဝန်ကြီးချုပ်ရာထူးအား  ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၄]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

သူသည် အင်တက်ဘီ စစ်ဆင်ရေးတွင် ကျဆုံးခဲ့သော အစ္စရေး အထူးတပ်ဖွဲ့ ခေါင်းဆောင် ဂျိုနသန် နေတန်ယာဟုနှင့် ပြဇာတ်ရေးဆရာ အီဒို နေတန်ယာဟုတို့နှင့် ညီအစ်ကို တော်စပ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Benjamin Netanyahu (in en-us)။ 13 November 2019 တွင် ပြန်စစ်ပြီး။
  2. Netanyahu (in en-us)။ ၁၉ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. Prime Minister Fiala held talks in Israel with Prime Minister Netanyahu and President HerzogGovernment of the Czech Republic (25 Oct 2023)။ 22 May 2024 တွင် ပြန်စစ်ပြီး။
  4. တင်းမာသည့် ညွန့်ပေါင်းအစိုးရနှင့်အတူ ဝန်ကြီးချုပ်ဟောင်း နေတန်ယာဟု ဝန်ကြီးချုပ်အဖြစ်ပြန်လာMOI Myanmar (၃၀ ဒီဇင်ဘာ ၂၀၂၂)။ ၂၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။